Local News

နေကြာစိုက်ပျိုးထွက်ရှိမှုအခြေအနေ

Last Updated:

     မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စားသုံးဆီ ဖူလုံပိုလျှံစေရေးအတွက် အရေးကြီးသီးနှံတစ်မျိုးဖြစ်သည့် နေကြာများစိုက်ပျိုးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မိုးနေကြာကို တစ်မြို့နယ်လုံးအနေဖြင့် (၁၀၃၁၄) ဧက လျာထားခဲ့၍ အမှန်စိုက်ပျိုးဧက (၁၀၃၁၆) ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ဒီဇင်ဘာလဒုတိယပတ်တွင် (၂၅၁၇) ဧက ရိတ်သိမ်းခဲ့ပြီး အထွက်နှုန်းအနေဖြင့် (၂၁.၃၅) တင်းနှုန်း၊ အထွက်တင်း (၅၃၇၃၈) တင်း ထွက်ရှိခဲ့ပါသည်။ မိုးနေကြာကို ဇွန်လတွင် စတင်စိုက်ပျိုး၍ အောက်တိုဘာ၊ နိုဝင်ဘာလများတွင် စတင်ရိတ်သိမ်းကြသည်။ ကျောက်ပန်းတောင်းမြို့နယ်တွင် နေကြာကို ပုပ္ပားမြောက်ဘက်ခြမ်းရှိကျေးရွာများ၊ မြောက်တောကျေးရွာ၊ ကြက်ပစ်ကျေးရွာ၊ လက်ပံပျားကျေးရွာ၊ တောင်ဦး‌ကျေးရွာ၊ စင်မြင့်ကျေးရွာ၊ ဗြိစင်အင်းကျေးရွာ စသည့်ကျေးရွာများတွင် အဓိကစိုက်ပျိုးကြသည်။ မိုးနေကြာတစ်တင်းလျှင် (၆၆၅၀၀) ကျပ်နှုန်းဖြင့် ကျေးရွာတွင်းရှိ ဆီစက်များသို့ စတင်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အချို့ကို မိမိအိမ်စားသုံးရန် ဆီကြိတ်ခွဲကြကြောင်း၊ နေကြာတစ်ဧကစိုက်ပျိုးလျှင် (၇၂၂၀၀၀) ကျပ်ခန့် ကုန်ကျနိုင်သဖြင့် တောင်သူအနေဖြင့် နေကြာ (၁) ဧကလျှင် အကျိုးအမြတ် (၆၉၇၈၀၀) ကျပ် အကျိုးအမြတ်ရရှိနိုင်ကြောင်း၊ ကျောက်ပန်းတောင်းမြို့ အညာတောင်သူများသည် နေကြာသီးနှံကို ဆင်းရွှေကြာ-၂ နှင့် ရေဆင်း (၁) မျိုး နေကြာမျိုးကို အဓိကစိုက်ပျိုးကြကြောင်း နေကြာစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။
Source: https://www.doca.gov.mm

Category: Local News